အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ အသက် ၁၂ နှစ်အရွယ် ရှိ မလှဇဗ္ဗူမှ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်

Posted by

အိႏၵိယႏိုင္ငံ၌က်င္းပမည့္ ၄၄ ႀကိမ္ေျမာက္ ကမာၻ႔စစ္တုရင္အိုလံပစ္ၿပိဳင္ပြဲ၌ အသက္ ၁၂ ႏွစ္အ႐ြယ္ ရွိ မလွဇဗၺဴမွ ျမန္မာႏိုင္ငံကိုယ္စားျပဳယွဥ္ၿပိဳင္

အိႏၵိယႏိုင္ငံ၊ခ်င္းႏိုင္ၿမိဳ႕တြင္ ဇူလိုင္ ၂၈ ရက္(ယ ေန႔)မွ ၾသဂုတ္ ၁၀ ရက္အထိ က်င္းပလ်က္ရွိသည့္ ၄၄ ႀကိမ္ေျမာက္ ကမာၻ႔စစ္တုရင္အိုလံပစ္ၿပိဳင္ပြဲ၌ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ျမန္မာအမ်ိဳးသမီးစစ္တုရင္အသင္းမွ အသက္(၁၂)ႏွစ္အ႐ြယ္ရွိ မလွဇဗၺဴမွဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိသည္။

ျမန္မာအမ်ိဳးသမီးစစ္တုရင္အသင္းမွ အဆိုပါ ၿပိဳင္ပြဲအားပထမဆုံးအႀကိမ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ကာ မလွဇဗၺဴ ႏွင့္အတူ မိခင္ျဖစ္သူအပါအဝင္ အုပ္ခ်ဳပ္သူနည္းျပမ်ားလည္း ပါဝင္ကာ ဇူလိုင္ ၂၆ ရက္က ရန္ကုန္ေလဆိပ္မွတဆင့္ ထြက္ခြာသြားခဲ့ျခင္းျဖစ္သည္။

အဂၤလိပ္ဘာသာစကားႏွင့္တ႐ုတ္ဘာသာစကားအား ကြၽမ္းက်င္စြာေျပာဆိုႏိုင္ကာ စပိန္ႏွင့္ကိုရီးယားဘာစာစကားတို႔အား ေလ့လာလ်က္ရွိသည့္ မလွဇဗၺဴသည္ စစ္တုရင္အားကစားနည္းအား M July Chess Class ၌သင္ၾကားခဲ့ၿပီး စစ္တုရင္ၿပိဳင္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ေလ့က်င့္ခဲ့သူ တစ္ဦးျဖစ္သည္။

ထို႔ျပင္ ႏိုင္ငံတကာစစ္တုရင္ၿပိဳင္ပြဲမ်ားက်င္းပရန္ ဖိတ္ေခၚမႈမ်ားျပဳလုပ္ခ်ိန္၌ Myanmar Online Chess Academy မွ Online , Offline တို႔ျဖင့္ စစ္ တုရင္သင္တန္းမ်ားထပ္မံတက္ေရာက္၍ ေလ့ လာသင္ၾကားခဲ့သည္။

အလားတူ ႏိုင္ငံတကာၿပိဳင္ပြဲမ်ား၌ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္လည္း စစ္တုရင္ပညာရွင္မ်ားက အ နီးကပ္ေလ့က်င့္သင္ၾကားေပးခဲ့ၾကေၾကာင္း သိရသည္။

Unicode

အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ အသက် ၁၂ နှစ်အရွယ် ရှိ မလှဇဗ္ဗူမှ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်

အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့တွင် ဇူလိုင် ၂၈ ရက်(ယ နေ့)မှ သြဂုတ် ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှ အသက်(၁၂)နှစ်အရွယ်ရှိ မလှဇဗ္ဗူမှဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှ အဆိုပါ ပြိုင်ပွဲအားပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ မလှဇဗ္ဗူ နှင့်အတူ မိခင်ဖြစ်သူအပါအဝင် အုပ်ချုပ်သူနည်းပြများလည်း ပါဝင်ကာ ဇူလိုင် ၂၆ ရက်က ရန်ကုန်လေဆိပ်မှတဆင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘာသာစကားနှင့်တရုတ်ဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ကာ စပိန်နှင့်ကိုရီးယားဘာစာစကားတို့အား လေ့လာလျက်ရှိသည့် မလှဇဗ္ဗူသည် စစ်တုရင်အားကစားနည်းအား M July Chess Class ၌သင်ကြားခဲ့ပြီး စစ်တုရင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လေ့ကျင့်ခဲ့သူ တစ်ဦးဖြစ်သည်။

ထို့ပြင် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲများကျင်းပရန် ဖိတ်ခေါ်မှုများပြုလုပ်ချိန်၌ Myanmar Online Chess Academy မှ Online , Offline တို့ဖြင့် စစ် တုရင်သင်တန်းများထပ်မံတက်ရောက်၍ လေ့ လာသင်ကြားခဲ့သည်။

အလားတူ နိုင်ငံတကာပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လည်း စစ်တုရင်ပညာရှင်များက အ နီးကပ်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.